ကာဘူးလ်မှာ ဗုံးကွဲလို့ အနည်းဆုံး ၂၁ ဦးသေ

  • 18 ဇန်နဝါရီ 2014
Afghanistan ဓာတ်ပုံ မူပိုင် AP
Image caption အသေခံဗုံးခွဲပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်က လက်ဘနွန် စားသောက်ဆိုင်မှာ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံခြားသား အများစုအပါအဝင် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အာဖဂန်ဆိုင်ရာ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲနဲ့ ကုလသမဂ္ဂ ဝန်ထမ်း လေးဦးလည်း ပါဝင်ပါတယ်။

သေဆုံးတဲ့ နိုင်ငံခြားသားတွေထဲမှာတော့ အမေရိကန်၊ ကနေဒါ၊ ရရှား လက်ဘနွန်နဲ့ ဗြိတိန်တို့က နိုင်ငံသားတွေ ပါဝင်ကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ အသေခံဗုံးခွဲတိုက်ခိုက်တာဖြစ်ပြီး ဗုံးခွဲပြီးနောက် သေနတ်သမား ၂ ဦးက စားသောက်ဆိုင်ထဲက လူတွေကို ပစ်ခတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

အာဖဂန်ပြည်ထဲရေးဝန်ကြီး မိုဟာမက် အိုမာ ဒွတ်ဇိုင်းကတော့ ဒေသအာဏာပိုင်တချို့ကို ရာထူးက ဆိုင်းငံ့ထားပြီး စုံစမ်းမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

တာလီဘန် လက်နက်ကိုင်တွေကတော့ သူတို့ လုပ်တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုကို ရှုံ့ချလိုက်ပါတယ်။

ဒီစားသောက်ဆိုင်ဟာ နိုင်ငံခြားသားတွေနဲ့ အစိုးရအရာရှိတွေ လာရောက်လေ့ရှိတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။