အာဆတ် ထွက်မပေးဘူးဆို

  • 19 ဇန်နဝါရီ 2014
assad ဓာတ်ပုံ မူပိုင် AFP
Image caption အာဆတ် ထောက်ခံသူ တဦး

ဆီးရီးယား သမ္မတ ဘရှား အာဆတ် က သူ နုတ်ထွက်ပေးဖို့ ကိစ္စ လာမယ့် ဆီးရီးယား ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေး မှာ မဟုတ်ဘူးလို့ ပြောကြား ကြောင်း ရုရှ သတင်းဌာန တခုက ဖော်ပြ လိုက်ပါတယ်။

အချိန် အကြာကြီး စောင့် ဆိုင်း ခဲ့ရတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခု ရက်ပိုင်း တွင်းမှာ စတင် တော့မှာ ဖြစ်ပါတယ်။

သူတို့ အနေနဲ့ အညံခံ ချင်ရင် စကတည်းက လက်နက်ချ လိုက်ရုံပဲလို့ ရုရှ လွှတ်တော် အမတ် တွေနဲ့ ဒမတ်စကပ်မှာ တွေ့ဆုံရာမှာ မစ္စတာ အာဆတ်က ပြောတယ်လို့လည်း ရုရှ Interfax သတင်း ဌာနက ဖော်ပြပါတယ်။

မစ္စတာ အာဆတ် ဒီလို မပြောခဲ့ပါဘူးလို့ ဆီးရီးယား အစိုးရ သတင်း ဌာန တွေက ပယ်ချ ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မစခင် မစ္စတာ အာဆတ် ထွက်ပေးဖို့ ဆီးရီးယား အတိုက်အခံ တွေက ဟိုတုန်းထဲက တောင်းဆို နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ