ငြိမ်းချမ်းရေး ညီလာခံ ဆီးရီးယား အတိုက်အခံ ဆိုင်းငံ့

  • 20 ဇန်နဝါရီ 2014
Image caption တူရကီမှာ ပြုလုပ်ခဲ့တဲ့ ဆီးရီးယား အတိုက်အခံ ဆွေးနွေးပွဲ

ဆီးရီးယား နိုင်ငံ အရေး ပဏာမ ဆွေးနွေးမှုမှာ အီရန် နိုင်ငံ ပါဝင်ဖို့ ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ဖိတ်ကြားခဲ့ပြီးနောက် ဒီတပတ်ထဲမှာ ဆွစ်ဇလန်မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့က ဆိုင်းငံ့ထားလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းကတော့ ဆီးရီးယား အရေး ပြဿနာ အတွက် အဖြေ ရှာရာမှာ အီရန် နိုင်ငံလည်း ပါဝင်သင့်တယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် တို့ကတော့ ဂျီနီဗာ ၂ ဆွေးနွေးပွဲကို အီရန်တက်မယ် ဆိုရင် အီရန် အနေနဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေးကို ပွင့်ပွင့် လင်းလင်း ထောက်ခံသင့်တယ်လို့ ပြောပါတယ်။

အီရန် ဘက်က ကုလ သမဂ္ဂရဲ့ ဖိတ်ခေါ်မှုကို လက်ခံပေမယ့် ကြိုတင် စည်းကမ်း သတ်မှတ်ချက် နဲ့မှ ပါဝင်ရမယ် ဆိုတာကို ပယ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ