မလေးမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီး

  • 21 ဇန်နဝါရီ 2014
Image caption အထောက် အထား မရှိတဲ့ နိုင်ငံခြားသား အလုပ် သမားတွေ ကို ၇ ရက် အတွင်း သက်ဆိုင်ရာ နိုင်ငံတွေ ပြန်ပို့မယ်

မလေးရှား နိုင်ငံမှာ တရားမဝင် ဝင်ရောက် အလုပ် လုပ်နေတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေကို ရှင်းလင်း ဖယ်ရှားတဲ့ စစ်ဆင် ရေးမှာ လူပေါင်း ၁၅၀၀ ကို အာဏာပိုင် တွေက ဖမ်းဆီး ထားပြီး ဖြစ်ပါတယ်။

နိုင်ငံခြားသား အလုပ် သမားတွေ တရားဝင် ခွင့်ပြုချက် ရှိမရှိ ဆိုတာကို စက်ရုံတွေနဲ့ အလုပ် သမားတွေ နေတဲ့ နေရာတွေမှာ စစ်ဆေး မှုတွေ လုပ်ဖို့ အတွက် ရဲတွေကို အရေ အတွက် ထောင်နဲ့ ချီပြီး အာဏာပိုင် တွေက ချထားလိုက် ပါတယ်။

ဖမ်းဆီးမိတဲ့ အထောက် အထား မရှိ နိုင်ငံခြားသား အလုပ် သမားတွေ ကိုတော့ ၇ ရက် အတွင်း သက်ဆိုင်ရာ နိုင်ငံ တွေကို ပြန်ပို့မှာ ဖြစ်ပါတယ်။

မလေးရှားက မြန်မာ သံရုံး ကလည်း အခုလို ဖမ်းဆီး တော့မယ့် ဆိုတဲ့ အကြောင်း မြန်မာ နိုင်ငံသား တွေကို အသိ ပေးထား သလို၊ မြန်မာ နိုင်ငံပြန်ချင် ကြတဲ့ တရားဝင် လက်မှတ် မရှိ သူတွေကိုလည်း အကူ အညီ ပေးနေ တယ်လို့ မြန်မာ သံရုံးက အလုပ် သမား ရေးရာ သံမှူး ဦးစိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

မလေးရှား နိုင်ငံမှာ တရား မဝင် အလုပ် လာလုပ် နေသူ ပေါင်းက သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး၊ အဲဒီ အထဲမှာ အင်ဒိုနီးရှား အလုပ်သမား တွေက အများဆုံး ဖြစ်ကာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ တခြား နိုင်ငံသားတွေ အတော်များများ ပါဝင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ