ပါကစ္စတန် ဗုံးခွဲမှု လူ ၇ ဦး သေဆုံး

  • 22 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူ ရဲအရာရှိ တစ်ဦးရဲ့ ဆွေမျိုးအချို့

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံး ခဲ့ရတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ အဲဒီမှာ ပိုလီယို ရောဂါ တိုက်ဖျက်ရေးအတွက် လုပ်ကိုင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့ကို ပစ်မှတ် ထားပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စျေးမြို့ တခု ဖြစ်တဲ့ ချာဆာဒါမှာ ဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ကလေး တဦးတို့ သေဆုံး ခဲ့ရပါတယ်။

နိုင်ငံရဲ့ တောင်ပိုင်းက ကရာချိမြို့မှာ ပိုလီယို တိုက်ဖျက်ရေး လုပ်သား ၃ ယောက် သတ်ဖြတ် ခံခဲ့ရအပြီးမှာ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး နောက်တနေ့မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အရင်က လုပ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကို တာလီဘန်တွေက လုပ်ခဲ့တာ ဖြစ်ပြီး သူတို့က ဒီလုပ်ငန်းတွေဟာ ပိုလီယို တိုက်ဖျက်တာကို အကြောင်းပြပြီး နိုင်ငံတကာက သူလျှို လာလုပ် နေကြတာ လို့ ရှုမြင် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ