ယူကရိန်း ရဲနဲ့ ဆန္ဒပြသူတွေ တိုက်ခိုက်၊ ၃ ဦး သေ

  • 22 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတစ်ဦး မီးပုလင်းနဲ့ ပစ်ခတ်နေစဉ်

ယူကရိန်း နိုင်ငံ ကိယဗ် မြို့တော်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဗဟိုပြုတဲ့ ရင်ပြင် အနီးက အတားအဆီး တွေကို ဆန္ဒပြသူတွေ မကပ်နိုင်အောင် ရဲတွေက ကြိုးပမ်း ခဲ့ကြလို့ ဖြစ်ပါတယ်။

အဲဒီမှာ ပေါက်ကွဲသံတွေလည်း ကြားခဲ့ရသလို သူနာပြု ယာဉ်တွေကလည်း ဒဏ်ရာ ရတဲ့ လူတွေကို သယ်ပို့ နေရတယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီနေ့မှာလည်း လူ ၃ ယောက်သေဆုံး ခဲ့ရပြီး အဲဒီထဲက ၂ ဦးဟာ သေနတ် ဒဏ်ရာတွေနဲ့ ဖြစ်ပါတယ်။

ရဲဘက်ကတော့ သူတို့အနေနဲ့ တကယ့် ကျည်အစစ်တွေကို မသုံးစွဲ ခဲ့ဘူးလို့ ငြင်းဆို ထားပါတယ်။

ယူကရိန်း အတိုက်အခံ ခေါင်းဆောင် အာဆန်နီ ယက်ဆန်ယုခ်က သူနဲ့အတူ တခြား အတိုက်အခံ ခေါင်းဆောင် ၂ ယောက်နဲ့ ဒီနေ့ နှောင်းပိုင်းမှာ တွေ့ဆုံဖို့ ယူကရိန်း သမ္မတ ဗစ်တာ ယန်နူကိုဗစ်ချ်က ကတိပေး ထားပြီး ဖြစ်တယ်လို့ သူရဲ့ တွစ်တာ စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ