အိန္ဒိယမှာ ရွာလူကြီးတွေ အမိန့်နဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်

  • 23 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ၁၃ ယောက်ကို ရဲက ဖမ်းဆီးထား

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ဘင်္ဂလား ပြည်နယ်မှာ မိန်းမငယ် တစ်ဦးကို အမျိုးသား ၁၂ ယောက်က အုပ်စုနဲ့ မတရား ပြုကျင့်ခဲ့ မှုဟာ အဲဒီ မိန်းမငယ်နဲ့ တခြား လူမျိုးစုက လူတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို လက်မခံတဲ့ ရွာလူကြီးတွေရဲ့ အမိန့်နဲ့ အပြစ်ပေးတာလို့ ယူဆရပါတယ်။

ရဲတွေက မသင်္ကာသူ ၁၂ ယောက်နဲ့ ရွာလူကြီး တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။

အသက် ၂၀ အရွယ် အမျိုးသမီးကို ဆေးရုံမှာ ဆေးကုသပေးနေပြီး အခုတော့ အခြေ အနေ တည်ငြိမ် နေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ဖြစ်ခဲ့တဲ့ အဓမ္မ ပြုကျင့်မှု အတော်များများ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးတဲ့နောက် လိင်မှုဆိုင်ရာ ဥပဒေ တွေကို အစိုးရက မကြာသေးခင်ကပဲ ပိုမို တင်းကျပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ