ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အီရန် သမ္မတ ဆို

  • 23 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေကို ထိပ်တိုက် ဆွေးနွေးဖို့ ပြောတဲ့ အီရန် သမ္မတ ရိုဟာနီ

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ မျက်နှာချင်းဆိုင် ညှိနှိုင်းပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေးသည်သာ ဆီးရီးယား ပဋိပက္ခတွေအတွက် နောက်ဆုံး အဖြေ ဖြစ်ပါတယ်လို့ အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီက ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်မှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်နေကြသူ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတို့ကို သီးခြားစီ တွေ့ဆုံ ဆွေးနွေးဖို့ ဆီးရီးယား ဆိုင်ရာ နိုင်ငံတကာ သံတမန် လက်ခ်ဒါ ဘရာဟီမီက ပြင်ဆင် နေချိန်မှာ အီရန် သမ္မတ ရိုဟာနီရဲ့ မှတ်ချက်စကား ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

လာမယ့် သောကြာနေ့မှာ ပြုလုပ်မယ့် တရားဝင် ဆွေးနွေးပွဲ ကျရင် အစိုးရနဲ့ အတိုက်အခံတို့ ဆွေးနွေး ခန်းမထဲမှာ အတူထိုင် ဆွေးနွေးကြဖို့ အသင့် ဖြစ်မဖြစ် ဆိုတာကိုတော့ မသိသေးဘူးလို့ မစ္စတာ ဘရာဟီးမီးက ပြောပါတယ်။

ဒါပေမယ့် ဒေသတွင်းမှာ အပစ်အခတ် ရပ်စဲပြီး လူသားချင်း စာနာမှု အကူအညီ ဖြန့်ဝေတာကို ခွင့်ပြုဖို့ အတွက် နှစ်ဘက် စလုံးက ညှိနှိုင်း ဆွေးနွေးဖို့ ဆန္ဒတွေ ပြသခဲ့ကြ တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ