ဆင်စွယ် တန်ချိန် ၃၀ ဟောင်ကောင် ဖျက်ဆီးမယ်

  • 24 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ကို ခိုးသွင်းဖို့ ဟောင်ကောင်ဟာ အဓိက ဝင်ပေါက် ဖြစ်နေ

ဟောင်ကောင်မှာ ဖမ်းဆီး သိမ်းယူထားတဲ့ ဆင်စွယ် တန်ချိန် ၃၀ နီးပါးကို ဖျက်ဆီးပစ်ဖို့ စီစဉ် နေတယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။

မကြာသေးခင်ကလည်း တရုတ်ပြည်၊ အမေရိကန် ပြည်ထောင်စုနဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှာလည်း အလားတူ ဖမ်းဆီးမိတဲ့ ဆင်စွယ်တွေ ဖျက်ဆီးတာကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဟောင်ကောင် အာဏာပိုင်တွေ ပြောတာကတော့ တရားမဝင် မှောင်ခို စျေးကွက်က ဖမ်းဆီး မိထားတဲ့ ဒီဆင်စွယ် အားလုံး နီးပါးကို လာမယ့် နှစ်တွေမှာ မီးရှို့ ဖျက်ဆီးမှာ ဖြစ်ပြီး၊ အနည်းအကျဉ်း လောက်သာ သိပ္ပံပညာ စမ်းသပ်မှုတွေနဲ့ ပညာရေး ကဏ္ဍတွေ အတွက် ချန်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံထဲကို တရားမဝင် ခိုးသွင်းနေတဲ့ ဆင်စွယ်တွေအတွက် ဟောင်ကောင်ဟာ အဓိက ဝင်ပေါက်ကြီး ဖြစ်နေတာပါ။

ဒီအတွက် ဆင်စွယ် ရောင်းဝယ်မှုတွေကို တာဆီးပိတ်ပင်ရေး စည်းရုံး လှုံ့ဆော် သူတွေ ကတော့ ဟောင်ကောင် အနေနဲ့ ဒီကိစ္စအပေါ် တကယ်ကို့ အလေးအနက်ထား ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ