ဂျပန် ပင်လယ်ပြင်မှာ ကျွန်းတကျွန်းပေါ်

  • 24 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လှိုင်းလုံးတွေ အကြားက ကျွန်းငယ်လေး တခု ထွက်ပေါ် လာ

မြို့တော် တိုကျို ကနေ ကီလိုမီတာ ၁၀၀၀ လောက် အကွာမှာ ပင်လယ်ရေ အောက် မီးတောင် ပေါက်ကွဲရာ ကနေ ကျွန်းတကျွန်း ဖြစ်လာ ခဲ့ပါပြီ။ အစ ကတော့ အချိန်တို အတွင်းမှာ ပျောက်သွားမယ် မှန်းထား ပေမယ့် အခု ပိုပြီး ကြီးလာနေ ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ပစိဖိတ် သမုဒ္ဒရာ လှိုင်းလုံးတွေ အကြားက ကျွန်းငယ်လေး တခု ထွက်ပေါ် လာခဲ့ တာ ဖြစ်ပါတယ်။ အစပိုင်း မှာတော့ ဂျပန် သိပ္ပံ ပညာရှင်တွေ က ဒီကျွန်းငယ်ဟာ သိပ်မကြာခင် မှာပဲ ရေအောက်ကို ပြန်ရောက် ပျောက်သွား လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် ပေါက်ကွဲမှု တွေက ရပ် မသွားခဲ့ဘဲ ကျွန်းကလေး ကလည်း တဖြည်းဖြည်းနဲ့ ပို ပိုကြီး လာခဲ့ပါတယ်။ ဒီဇင်ဘာ လလယ် ရောက်တော့ ၃ ဆ လောက် ပိုကြီး လာပြီး အနီးက နီရှီနိုရှီးမား ကျွန်းနဲ့ ပိုပြီး ကပ်လာ ခဲ့ပါတယ်။

အခု သတင်းပတ် အတွင်း သွားရောက် ရိုက်ယူ ခဲ့တဲ့ ဗီဒီယို တွေထဲ မှာလည်း ဒီ ကျွန်းငယ်ဟာ အရှိန် ကောင်းကောင်းနဲ့ ကြီးမား ကျယ်ပြန့် လာနေဆဲ ဖြစ်တာ ကို တွေ့ရပါတယ်။ အခုဆို သူက နီရှီနိုရှီးမား ကျွန်းထက်ကို ပိုပြီး ကြီးသွား ခဲ့ပါပြီ။

သိပ္ပံ ပညာရှင် တွေကတော့ မနှစ် နိုဝင်ဘာ လကထက် အဆ ၃၀ လောက် ပိုပြီး ကြီးမား လာခဲ့ပြီလို့ ဆိုကြပါတယ်။ အဲဒီတော့ ဂျပန်ရဲ့ ရှိပြီးသား စီးပွားရေး ရေပြင် အထူးဇုန် ရဲ့ အရွယ် ကိုပါ ပြောင်းရတော့ မလောက် ဖြစ်လာ နေပါပြီ။

အဲဒီက တော်တော် ဝေးဝေး မှာရှိတဲ့ အရှေ့ တရုတ် ပင်လယ် အတွင်း မှာတော့ ဒီလို ကျွန်းစု တချို့ အတွက် ဂျပန်နဲ့ တရုတ်တို့ လုနေကြ ပါတယ်။ ဒါပေမယ့် ဒီပစိဖိတ် သမုဒ္ဒရာ ထဲမှာတော့ ဂျပန်ရဲ့ ပိုင်နက်က အရှိန် အဟုန်နဲ့ ကျယ်သထက် ကျယ်လာ နေပါပြီ။ ဒါပေမယ့် ဘယ်သူ ကမှ လာပြီး လုတာ မျိုးတော့ မရှိသေးဘူးလို့ သိရ ပါတယ်။။

ဒီသတင်းနဲ့ပတ်သက်သမျှ