ဆီးရီးယား အစိုးရနဲ့ သူပုန် သီးခြားစီ ဆွေးနွေး

  • 24 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်

ဂျနီဗာမှာ ကျင်းပနေတဲ့ ဆီးရီးယား အရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂရဲ့ ကြားဝင် ဖြန်ဖြေသူ လက်ခဒါ ဘရာဟီမီက ဆီးရီးယား အစိုးရ ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ နှောင်းပိုင်း မှာတော့ မစ္စတာ ဘရာဟီမီဟာ သူပုန် ကိုယ်စားတွေနဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

မနက်ဖြန်လောက်အထိ ဆွေးနွေးမှုတွေဟာ လေးနက်မှု မရှိဘူး ဆိုရင်တော့ ဆီးရီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်တော့မှာ ဖြစ်တယ် ဆိုတဲ့အကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အဲလ် မူလန်မ်က မစ္စတာ ဘရာဟီမီကို ပြောကြားခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။

အတိုက်အခံတွေကတော့ ၂၀၁၂ ဂျနီဗာ ညီလာခံတုန်းက တောင်းဆို ထားတဲ့ ကြားဖြတ် အစိုးရ ဖွဲ့ရေး ဆိုတဲ့ ကြေညာချက်ကို အစိုးရ က သဘောမတူဘူး ဆိုရင်တော့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။