ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ မျက်နှာစုံညီ ဆွေးနွေးကြမယ်

  • 25 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Lakhdar Brahimi

ဂျီနီဗာမြို့မှာ ဒီနေ့ စနေနေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ အဖွဲ့က ကိုယ်စားလှယ်တွေ တခန်းမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ကုလသမဂ္ဂ အထူးသံတမန် လက်ခ်ဒါ ဘရာဟီမီက ကြေညာလိုက်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ အဖွဲ့တွေ အားလုံးရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်က ဆီးရီးယား နိုင်ငံကို အကြပ်အတည်းက ကယ်ထုတ်ဖို့ ဖြစ်ပြီး ဆီးရီးယား အစိုးရ ၊ အတိုက်အခံနဲ့ ကုလသမဂ္ဂ တို့ သုံးဦးသုံးဖလှယ် ကြိုးစား အကောင်အထည် ဖော်သွားမယ်လို့ မျှော်လင့်ရကြောင်း မစ္စတာ ဘရာဟီမီက ပြောပါတယ်။

အစိုးရ ၊ အတိုက်အခံ စတဲ့ နှစ်ဖက် အဖွဲ့တွေနဲ့ သီးခြားစီ တွေ့ဆုံပြီးတဲ့နောက် မစ္စတာ ဘရာဟီမီက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ စနေနေ့မှာ ထိထိရောက်ရောက် ဆွေးနွေးမှုတွေ မစနိုင်ဘူး ဆိုရင် သူတို့ အဖွဲ့တွေ ညီလာခံကို ဆက်မတက်တော့ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး ဝါလစ်ဒ် အယ်လ် မူလန်က ပြောကြောင်း ဆီးရီးယား အစိုးရပိုင် မီဒီယာတွေမှာ အစောပိုင်းတုန်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ အရာရှိတွေကတော့ တင်းမာမှုတွေ လျော့ချဖို့ ကြိုးစားနေကြပြီး အတက်အကျတွေ ဖြစ်နိုင်ပါတယ်လို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ