မူဘာရက် သုံးနှစ်မြောက် ဆန္ဒပြပွဲမှာ လူ၂၉ယောက် သေဆုံး

  • 26 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုင်ရိုမြို့က ဆန္ဒပြပွဲ တနေရာ

အီဂျစ်မှာ သမ္မတဟော်စနီမူဘာရက် ကို ရာထူးက ဖယ်ရှားရေး လူထုအုံကြွမှု ဖြစ်ခဲ့တဲ့ သုံးနှစ်ပတ်လည် ဆန္ဒပြမှုတွေကို သဘောထား မတူညီတဲ့ အဖွဲ့ခွဲတွေ အပြိုင် မနေ့က ကျင်းပခဲ့ရာမှာ အနည်းဆုံး လူ၂၉ယောက် သေဆုံးသွားခဲ့ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရကို ဆန့်ကျင်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ကိုင်ရိုမြို့မှာ သေဆုံးမှု အများဆုံးဘဲလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စလာမ်ဝါဒီ အများစု ပါတဲ့ ဆန္ဒပြသမားတွေဟာ အစိုးရကို ထောက်ခံသူတွေ စုရုံးနေတဲ့ တာရီရာ ရင်ပြင်ကို မသွားဖို့ တားမြစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တာရီရာ ရင်ပြင်က အစိုးရ ထောက်ခံတဲ့ လူအုပ်ကြီးက စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ပဒူလ် ဖက်တာ ဆယ်လ် ဆီဆီ ကို ချီးမွမ်း ထောက်ခံတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ရပါတယ်။