လစ်ဗျားမှာ ပြန်ပေးဆွဲခံရတဲ့ အီဂျစ်သံတွေ ပြန်လွတ်လာ

  • 27 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျားက လုံခြုံရေး အခြေအနေ

လစ်ဗျား နိုင်ငံမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အီဂျစ် သံတမန် တချို့ ပြန်လွတ်လာခဲ့ပြီး ဒီနေ့ တနင်္လာနေ့မှာ အားလုံး လွတ်မြောက်ကောင်း လွတ်လာမယ်လို့ လစ်ဗျားက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လေးယောက် ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်ပြီး ကျန်တယောက်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အီဂျစ်နိုင်ငံက သူတို့ရဲ့ ဘန်ဂါဇီမြို့က ကောင်စစ်ဝန်ရုံးနဲ့ ထရစ်ပိုလီမြို့က သံရုံးတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ ခဲ့ပါတယ်။

ဒီပြန်ပေးမှုတွေဟာ အီဂျစ် နိုင်ငံမှာ လစ်ဗျား စစ်သွေးကြွ ခေါင်းဆောင် တယောက်ကို ဖမ်းဆီးမှုနဲ့ ဆက်စပ်နေပြီး အဲဒီ လူကို ဆက်ဖမ်းထားသေးသလား ဆိုတာတော့ မသိရသေးပါဘူး။