ကမ္ဘာလှည့်ခရီးသွားလှေ တိမ်းမှောက်မှု လူ၂၁ယောက်သေဆုံး

  • 27 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption Port Blairမြို့နားမှာ လှေတိမ်းမှောက်တာဖြစ်

အိန္ဒိယ နိုင်ငံရဲ့ ကပ္ပလီ ကျွန်းစုနဲ့ နီကိုဘာ ကျွန်းတွေနားမှာ Aqua Marine ဆိုတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ လှေတစင်း တိမ်းမှောက်သွားတာကြောင့် အနည်းဆုံး လူနှစ်ဆယ့် တစ်ယောက် သေဆုံးသွားပါတယ်။

ကျွန်းတွေရဲ့ မြို့တော်ဖြစ်တဲ့ Port Blair မြို့ ကမ်းရိုးတမ်း အလွန်မှာ လူ၄၅ယောက် တင်ဆောင်လာတဲ့ အဲဒီလှေ နစ်မြုပ်သွားခဲ့တာ ဖြစ်ပြီး လတ်တလော ၁၃ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် တချို့တော့ ပျောက်ဆုံး နေစဲဘဲလို့ အရာရှိတွေက ပြောပါတယ်။

လှေပေါ်ပါ ကမ္ဘာလှည့် ခရီးသွား အများစုဟာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့နဲ့ နိုင်ငံတောင်ပိုင်း တမီးလ် နာဒူ က လာကြတာလို့ ယူဆရပါတယ်။

Aqua Marine လှေဟာ တိမ်းမှောက်သွားချိန်မှာ သတ်မှတ်ချက်ထက် လူအများအပြား တင်ဆောင်ထားတယ်လို့ သတင်းရရှိပါတယ်။