ဂျပန် ကုန်သွယ်ရေး လိုငွေပြမှု စံချိန်တင်

  • 27 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် ကုန်သွယ်ရေး လိုငွေပြမှုဟာ ၁၉၇၉ နောက်ပိုင်း ပမာဏ အများဆုံးဖြစ်

နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေ အရ ဂျပန် နိုင်ငံရဲ့ ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု စံချိန်ချိုးသွားခဲ့တာ တွေ့ရပါတယ်။

မနှစ်က ဂျပန် နိုင်ငံရဲ့ ကုန်သွယ်မှုမှာ ဒေါ်လာ သန်း ၁၁၂ ဘီလျံ လိုငွေပြခဲ့တာ ဖြစ်ပါတယ်။

ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ ဒီပမာဏဟာ ၁၉၇၉ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ တစ်လတည်းမှာတင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တုန်းကထက် လိုငွေပြမှု နှစ်ဆတိုးခဲ့ပါတယ်။

တိုကျိုက ဘီဘီစီ သတင်းထောက်ကတော့ ပြည်ပပို့ကုန်မြှင့်တင်နိုင်စေဖို့ ယန်းငွေ တန်ဖိုး လျှော့ချရေးကို အစိုးရက ကြိုးပမ်းရင်းနဲ့ အခုလို လိုငွေပြမှုတွေ များလာတာလို့ပြောပါတယ်။

ပို့ကုန်တိုးတက်လာတာ မှန်ပေမယ့် ယန်းငွေ တန်ဖိုး ခိုင်မာမှု အားနည်းတာကြောင့် သွင်းကုန်တွေ ပိုစျေးကြီးနေခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ