ထိုင်း ရွေးကောက်ပွဲ ရှေ့ဆက်ပြုလုပ်ဖို့ ကြေညာ

  • 28 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးပွဲ အပြင်ဘက်က လုံခြုံရေးတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေ

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင့်လက် ရှင်နာဝပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် အကြား ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက လာမယ့် တနင်္ဂနွေနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ရှေ့ ဆက် ဆောင်ရွက်သွား မယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲ တွေကို ရွှေ့ဆိုင်းဖို့ အစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အခုလို ရှေ့ဆက် ဆောင်ရွက်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်ပြီးခဲ့ရင်တောင် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နာမည်ကို ထုတ်ပြောနိုင်မှာ မဟုတ်လို့ ပါလီမန် ခေါ်ဖို့ အချိန် ၄ လ၊ ၆ လ ကြာနိုင်တယ်လို့ ကော်မရှင်က ပြောပါတယ်။ ။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြ သူတွေ ကတော့ မဲပေးပွဲ ပြင်ဆင်မှုတွေကို အနှောင့်အယှက် ပေးခဲ့ကြသလို ဝန်ကြီးချုပ်နဲ့ ကော်မရှင် တွေ့ဆုံ ဆွေးနွေးကြတဲ့ စစ်တပ် အပြင်ဘက်မှာ စုရုံး ဆန္ဒပြခဲ့လို့ ပစ်ခတ်မှု တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

လူ ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေရဲ့ သဘော ဆန္ဒကတော့ ရွေးကောက်ပွဲ မလုပ်ခင် အရင်ဆုံး ထိုင်းနိုင်ငံရေး စနစ်ကို အပြောင်းအလဲ လုပ်ချင်ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ