အိုဘားမားရဲ့ နှစ်လည် နိုင်ငံ အခြေပြ မိန့်ခွန်း

  • 29 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝါရှင်တန်က ကက်ပီတယ် ဟေးလ်မှာ မိန့်ခွန်းပြော

သမ္မတ အိုဘားမားက အမေရိကန်မှာ ဆင်းရဲ ချမ်းသာ ကွာဟာမှု တိုးမြင့် လာတာကို အဓိက ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ သမ္မတရဲ့ နှစ်လည် နိုင်ငံ အခြေပြ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

နောက်ပြီး စစ်ရေးအရ ဆောင်ရွက်ရမယ့် အခြေအနေတွေကို လျှော့ချပြီး သံတမန်ရေး အရ ဆောင်ရွက်မှုတွေကို မြှင့်တင့်သွားမယ်လို့လည်း မစ္စတာ အိုဘားမာက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်ကို သံတမန်နည်းအရ ရပ်တန့်အောင် လုပ်နိုင်ခဲ့တယ် လို့လည်း သူက ထည့်သွင်း ပြောကြားသွားပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ပိုမို အားကောင်းလာအောင် လုပ်ပြီး မညီမျှမှုတွေကို ကိုယ်တွယ် ဖြေရှင်းကာ အစိုးရ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာ တိုးမြှင့်ရေး ကိစ္စကိုလည်း ဆောင်ရွက်မယ်လို့ သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။

အခုလာမယ့် သတင်းပတ်တွေအတွင်း အစိုးရဝန်ထမ်းတွေရဲ အနိမ့်ဆုံး လုပ်ခ တနာရီကို ၁၀ ဒေါ်လာနဲ့ ၁၀ ဆင့် သတ်မှတ်ဖို့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာနဲ့ အမိန့်ထုတ်ပြန်မယ်လို့ ပြောသွားပါတယ်။။

တစ်နှစ်အတွင်း ဆောင်ရွက်မယ့် ဒီကိစ္စရပ်တွေထဲက တချို့ကို ကွန်ကရက်မှာ သဘောမတူမှုတွေ ရှိခဲ့ရင်လည်း သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်ကို အသုံးချသွားမယ်လို့ မစ္စတာ အိုဘားမားက ကတိပြု ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ