အမေရိကန် မောင်းသူမဲ့ယာဉ် သမုဒ္ဒရာထဲ ထိုးကျ

  • 29 ဇန်နဝါရီ 2014
Image caption အမေရိကန်ရဲ့ မောင်းသူမဲ့ တိုက်လေယာဉ်

မက္ကဆီကိုနဲ့ နယ်စပ်နားမှာ လုံခြုံရေး စောင့်ကြည့်ဖို့ သုံးနေတဲ့ မောင်းသူမဲ့ တိုက်လေယာဉ် တစင်း ပစ္စဖိတ် သမုဒ္ဒရာထဲ ပျက်ကျသွားပြီးတဲ့နောက် အဲဒီယာဉ်တွေ ဆယ်စင်းလုံး မြေပြင်မှာ ရပ်နားထားလိုက်ပြီလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

လက်နက် တပ်ဆင်ထားခြင်း မရှိတဲ့ မောင်းသူမဲ့ယာဉ် တစင်းကို ဒေါ်လာ ဆယ့်နှစ်သန်းလောက် တန်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ည တုန်းက စက်ချွတ်ယွင်းမှုကြောင့် ဒီယာဉ်ကို ထိန်းချုပ်သူတွေက ပင်လယ်ထဲကို ဆင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ လူမဲ့ယာဉ်တွေနဲ့ ကင်းလှည့်ပြီး မက္ကဆီကိုက ခိုးဝင်လာသူတွေနဲ့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။