သတင်းထောက်ကို တရုတ်က ဗီဇာ ထပ်မပေး

  • 30 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သူတို့ သတင်းထောက်ကို ဗီဇာ ငြင်းခဲ့မှုကြောင့် သတင်းစာက ဒေါသထွက်နေ

တရုတ် အစိုးရက နယူယောက်တိုင်း သတင်းထောက် တစ်ယောက်ကို ဗီဇာ သက်တမ်း ထပ်တိုး မပေးတော့တဲ့ အတွက် နိုင်ငံကနေ ထွက်သွားခဲ့ရပါတယ်။

ဒါဟာ တရုတ် နိုင်ငံတွင်းမှာ ပြည်ပ သတင်းမီဒီယာ တွေရဲ့ လုပ်ငန်းတွေ အပေါ် အစိုးရက ဖိအား ပိုတိုးပေးလာတယ် ဆိုတာကို မီးမောင်း ထိုးပြတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ယာယီ နေထိုင်ခွင့် သက်တမ်း ကုန်သွားတဲ့ နေ့မှာပဲ သတင်းထောက် Austin Ramzy ဟာ ဘေဂျင်းကနေ ထိုင်ဝမ်ကို ထွက်ခွာ သွားခဲ့ရပါတယ်။ အဲဒီမှာ သူ လောလောဆယ် အခြေစိုက်မှာ ဖြစ်ပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ Austin Ramzy ဟာ ဗီဇာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နယူးယောက်တိုင်းမ်စ် သတင်းစာ ကတော့ သူတို့ သတင်းထောက်ကို ဗီဇာ ငြင်းခဲ့မှုဟာ တရုတ် ခေါင်းဆောင်တွေ အကြောင်း ဆောင်းပါး ရေးခဲ့မှုနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ