အမေရိကန် တောင်ပိုင်းမှာ နှင်းမုန်တိုင်းတိုက်

  • 30 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လမ်းတွေမှာ ဆီးနှင်း ရှင်းတဲ့ ထွန်စက်ကားတွေ မရှိလို့ ကားတွေ သောင်တင်နေ

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းမှာ မကြုံစဖူး ဆီးနှင်း မုန်တိုင်းတခု တိုက်ခတ်ခဲ့ပြီး ရေခဲ နေတဲ့ လမ်းမတွေကြောင့် အဝေးပြေး လမ်းမတွေ ပေါ်မှာ၊ ကျောင်းတွေ ဘုရားကျောင်းတွေမှာ လူထောင်နဲ့ချီ ပိတ်မိနေပါတယ်။

ဂျော်ဂျီယာပြည်နယ်ကနေ လူဝီဆီယဲန်းနား ပြည်နယ် အထိ ပြည်နယ် ၅ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး လေဆိပ်တွေနဲ့ အဓိက ကားလမ်းတွေကို ပိတ်ထားလိုက်ပါတယ်။

ပုံမှန်အားဖြင့် နွေးထွေးတဲ့ ရာသီဥတု ရှိတဲ့ အဲဒီ နေရာတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျခဲ့ပြီး သုညအမှတ်အောက် ၃၀ ဒီဂရီလောက် အပူချိန် ထိုးကျသွားခဲ့ရာမှာ လမ်းမတွေပေါ်ကနေ ဆီးနှင်း ဖယ်ရှားပေးတဲ့ ထွန်စက် ကားတွေနဲ့ နှင်းတွေ အရည်ပျော်သွားအောင် ဆားတွေ ဖြူးပေးတဲ့ ထရပ်ကားတွေ မြို့အတော်များများမှာ မရှိတဲ့အတွက် ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာလည်း နှင်းတွေ စဲသွားမဲ့ လက္ခဏာမျိုး မရှိဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ