ဆီးရီးယား ဆွေးနွေးပွဲ တိုးတက်မှု မရှိဟု ဆို

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ ကြားဝင် ဖြန်ဖြသူ ဘရာဟီမီ

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ဂျနီဗာမှာ ပြုလုပ်တဲ့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေရဲ့ ပထမ အကျော့ ဆွေးနွေးပွဲအစဟာ ဘာမှ တိုးတက်မှု မရှိပေမယ့် အလားအလာကောင်းတွေ ရှိနိုင်တယ်လို့ ကုလသမဂ္ဂ ကြားဝင် ဖြန်ဖြေသူ လက်ခ်ဒါ ဘရာဟီမီက ပြောပါတယ်။

တပတ်ကြာ ဆွေးနွေးမှုတွေ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘရာဟီမီက တိုးတက်မှုတွေ တခုမှ မရှိကြောင်း၊ ဒီညီလာခံ အစတုန်းကတော့ မျော်လင့်ချက်တွေ အတော့်ကို ရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။

နှစ်ဘက်အကြား ကွာဟချက်တွေ ကြီးမားနေဆဲ ဖြစ်ပေမယ်လို့ နိုင်ငံရေး ဆန္ဒတွေ ပြင်းပြမယ်ဆိုရင်တော့ ဖြေရှင်းလို့ရမယ့် အခြေခံ အချက်တွေ ရှိတာကို တွေ့ရတယ်လို့လည်း သူက ဆို့ပါတယ်။

နှစ်ဘက် ကွဲလွဲနေတဲ့ အဓိက အချက်ကတော့ အာဏာ မျှဝေရေး ကိစ္စနဲ့ ပိတ်မိနေတဲ့ နေရာတွေကို လူသားခြင်း စာနာမှု အကူအညီတွေ ပေးပို့ရေး ခွင့်ပြုဖို့ ကိစ္စတွေ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ