ယူကရိန်း အတိုက်အခံတစ်ဦး ဖမ်းဆီး နှိပ်စက်ခံရ

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ညှဉ်းပမ်း နှိပ်စက် ခံခဲ့ရတယ်လို့ ဆိုသူ တက်ကြွ လှုပ်ရှားသူ ဒီမီထရို ဘူလက်တော့ဗ်

ယူကရိန်းနိုင်ငံမှာ တစ်ပတ်ကျော်ကြာ ပျောက်ဆုံးသွားခဲ့တဲ့ အထင်ကရ အတိုက်အခံ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဒီမီထရို ဘူလက်တော့ဗ် က သူဟာ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး ညှင်းပန်း နှိပ်စက်ခံ ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

သူ့ကို ဖမ်းဆီးပြီးနောက် လက်ကောက်ဝတ် နှစ်ဖက်ကို ကြိုးချည် ချိတ်ဆွဲပြီး ထပ်ကာထပ်ကာ ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီမီထရို ဘူလက်တော့ဗ် က ပြောပါတယ်။

သူ့မျက်နှာမှာ သွေးထွက်နေပြီး နားရွက် အပိုင်းကိုလည်း ညှပ်ဖြတ်ထားတာကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားတာကို တွေ့ရပါတယ်။

မြို့တော် ကိယက်ဗ်က ဆင်ခြေဖုန်းဘက်မှာ သူ့ကို ဒဏ်ရာတွေနဲ့ ဒီအတိုင်း ပစ်ထားခဲ့တာလို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ကတော့ ယူကရိန်းက နိုင်ငံရေး အကျပ်အတည်းတွေ အတွင်း ဒီလို ဖမ်းဆီး နှိပ်စက်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်တယ်။

သမ္မတ အနေနဲ့ နိုင်ငံရဲ့ အခြေအနေတွေကို တည်ငြိမ်အောင် ဆောင်ရွက်ဖို့ ယူကရိန်း စစ်တပ်က တိုက်တွန်းလိုက်တယ် ဆို့တဲ့ သတင်းတခုလည်း ထွက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ