Justin Bieber ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ ရဲ အရေးယူခံရ

  • 1 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption တပတ်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ Justin Bieber

ကနေဒါ နိုင်ငံသား ပေါ့ပ် အဆိုတော် Justin Bieber ထိန်းသိမ်းခံရစဉ် အတွင်း ဓါတ်ပုံရိုက်ဖို့ သင့်တင့်လျောက်ပတ်မှု မရှိစွာ ကြိုးစားမှုနဲ့ မိုင်ယာမီ က အမျိုးသမီး ရဲအရာရှိ တယောက်ကို စုံစမ်း စစ်ဆေးနေတယ်လို့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ရဲတွေက ပြောပါတယ်။

အဲဒီ အမျိုးသမီး ရဲအရာရှိဟာ စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ အရေးယူခံရနိုင်တယ်လို့ မိုင်ယာမီ ကမ်းခြေရဲ ဌာန ပြောခွင့်ရသူ Bobby Hernandez က ပြောပါတယ်။

ဂျက်စတင် ဘီဘာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက လူနေထိုင်ရာ ရပ်ကွက်က လမ်းပေါ်မှာ သူ့ပြိုင်ကားသုံးပြီး တခြားတယောက်နဲ့ ကားမောင်းပြိုင်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အရက်သောက်ပြီး ကားမောင်းမှု ၊ အဖမ်းခံဖို့ ငြင်းဆန်မှုတွေနဲ့ စွဲချက်တင်ထားတဲ့ အပေါ် သူက အပြစ်ရှိကြောင်း ဝန်မခံခဲ့ပါဘူး။