အော်စကာမင်းသား Philip Seymor Hoffman ကွယ်လွန်

  • 2 ဖေဖော်ဝါရီ 2014
Philip Seymour Hoffman ဓာတ်ပုံ မူပိုင် Reuters
Image caption အော်စကာ ဆုရှင် မင်းသား Philip Seymour Hoffman

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Philip Seymour Hoffman ဟာ နယူးယောက်မြို့ရှိ နေအိမ်တိုက်ခန်းမှာ သေဆုံးနေတာကို တွေ့ရပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၄၆နှစ် ရှိပြီဖြစ်ပါတယ်။

၂၀၀၅ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Capote ရုပ်ရှင်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

သူဟာ အော်စကာ ဇာတ်ရံဆုအဖြစ် သုံးခါတိုင် အဆိုပြုခံရသူလည်း ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဖြတ်ဖို့ မနှစ်က Hoffman ဆေးရုံတက်ခဲ့ရဘူးပါတယ်။