ဒါရိုက်တာ အယ်လန်ကို မွေးစားသမီး စွပ်စွဲ

  • 2 ဖေဖော်ဝါရီ 2014
Woody Allen ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကမ္ဘာကျော် ဒါရိုက်တာ ဝူဒီအယ်လန်

ကမ္ဘာကျော် ဒါရိုက်တာ ဝူဒီအယ်လန် ရဲ့ မွေးစား သမီးက သူကလေး ဘဝတုန်းက ဝူဒီအယ်လန် စော်ကားတာ ခံခဲ့ရတယ်လို့ ထပ်မံ စွပ်စွဲ လိုက်ပါတယ်။

သူ ၇ နှစ် သမီး အရွယ်မှာ ဝူဒီအယ်လန်က သူ့ကို မတော်တရော် ကျူးလွန် စော်ကားခဲ့တယ်လို့ နယူးယော့တိုင်း သတင်းစာကို အိတ်ဖွင့်ပေးစာမှာ Dylan Farrow က စွပ်စွဲထားတာ ပါရှိ ပါတယ်။

ဒီကိစ္စ အတွက် ဝူဒီအယ်လန် ကိုတရားစွဲဆို ခဲ့တာ မရှိဘဲ ဒီစွပ်စွဲချက်ကို သူက အမြဲ ပယ်ချ ခဲ့ပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင် အသိုင်းအဝိုင်းက ဝူဒီအယ်လန် ကိုဆက်ပြီး မြှောက်စား နေကြတာ ကိုလည်း Dylan Farrow က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ