အီးယူ အဂတိလိုက်စားမှု ထိတ်လန့်ဖွယ် အဆင့်ရောက်

  • 3 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီးယူ ပြည်ထဲရေးရာ အကြီးအကဲ သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်။

အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ အဂတိ လိုက်စားမှု အဆင့်ဟာ ထိတ်လန့်စရာ အဆင့်မျိုး ဖြစ်လာနေပြီလို့ အီးယူ ပြည်ထဲရေးရာ အကြီးအကဲ ဆီဆီလီယာ မဲလ်စထရွန်းမ် က သတိပေး ပြောကြား လိုက်ပါတယ်။

အီးယူ နိုင်ငံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် လေ့လာတင်ပြထားတဲ့ ပထမဆုံး အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး အစီရင်ခံစာကို တင်ပြရာမှာ မစ် မဲလ်စထရွန်းမ် က အခုလို ပြဿနာတွေဟာ ဒီမိုကရက်တစ် အဆောက်အအုံတွေ အပေါ် ယုံကြည်မှုကို ပျက်ပြားလာစေပြီး ရာဇဝတ် ဂိုဏ်းတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးသလို ဖြစ်စေတယ်လို့ ပြောပါတယ်။

အီးယူမှာ အဂတိ လိုက်စားမှုတွေကြောင့် နှစ်စဉ် ဒေါ်လာ ဘီလျံပေါင်း ၁၆၀ ကျော် ဆုံးရှုံးနေရပြီး ဒါဟာ အီးယူရဲ့ နှစ်စဉ် ဘတ်ဂျက်ငွေ ပမာဏလောက် ရှိတယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေး ကဏ္ဍနဲ့ အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍတွေဟာ အဂတိ လိုက်စားမှုတွေ ပြုလုပ်ဖို့ အလားအလာအရှိဆုံး ဖြစ်တယ်လို့ သူမက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ