ရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်မယ့် နည်းလမ်းတော့ ဖြစ်ဟန် မတူ

  • 3 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption box

ထိုင်းနိုင်ငံမှာ မနေ့က တနဂနွေနေ့တုန်းက ရွေးကောက်ပွဲမှာ လူထုက မဲပေးကြတယ် ဆိုတာဟာ ဒီမိုကရေစီ လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းသွားလိုတာကို ပြနေတယ်လို့ ဝန်ကြီးချုပ် ယဉ့်လတ် ရှင်နာဝပ်က ပြောပါတယ်။

အဓိက နိုင်ငံရေး ပါတီက ဒီရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကတော့ မဲရုံ ၁ဝခုကို ပိတ်ပစ်ဖို့ ဖိအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ အတိုက်အခံကို ထောက်ခံသူတွေက အစိုးရကို ဖြုတ်ချပြီး ရွေးကောက်တင်မြှောက်ခံ မဟုတ်တဲ့ ကောင်စီ တရပ်နဲ့ အစားထိုးဖို့ ကြိုးစားနေတာကြောင့် တင်းမာမှုတွေ လပေါင်းများစွာ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို မဲပေးပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဒီရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်မယ့် နည်းလမ်းတော့ ဖြစ်ဟန် မတူဘူးလို့ ပြောပါတယ်။