ထိုင်း ရွေးကောက်ပွဲအပြီး ဆက်လက် ဆန္ဒပြဆဲ

  • 3 ဖေဖော်ဝါရီ 2014
Image copyright AFP
Image caption ရွေးကောက်ပွဲအပြီး နောက်ရက်မှာ ဆန္ဒပြကြသူများ

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေ နေ့က ရွေးကောက်ပွဲမှာ တားဆီး နှောင့်ယှက် မှုတွေ ပြုလုပ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ရွေးကောက်ပွဲ အပြီးမှာလည်း ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး စနစ် အပြောင်းအလဲကို လိုချင်နေကြတဲ့ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ ရွေးကာက်ပွဲတုန်းက မဲရုံတွေကို ပိတ်ဆို့ တားဆီးတာတွေ၊ သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မဲရုံတွေကို သွားလို့မရအောင် အဟန့်အတား လုပ်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလို တားဆီးမှုတွေ ရှိခဲ့လို့ မဲမပေးနိုင်ခဲ့တဲ့ ဒေသတွေအတွက် ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ကို သီတင်းပတ် အတော်ကြာနိုင်တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

အဓိက အတိုက်အခံ ပါတီ ဖြစ်တဲ့ ဒီမိုကရက် ပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို တရားရုံးက အသိအမှတ် မပြုဖို့ကိုလည်း ဒီမိုကရက်ပါတီက မျှော်လင့်နေပါတယ်။

ထိုင်းနိုင်ငံရေး အခြေအနေဟာ အခုအချိန်မှာ ရှုပ်ထွေးမှုတွေ မသေချာမှုတွေနဲ့ ရောထွေးနေတယ်လို့ ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ