ယူကရိန်းဆန္ဒပြခေါင်းဆောင် ပြည်ပမှာ ဆေးကုခွင့်ရ

  • 3 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ ဆန္ဒပြခေါင်းဆောင် Dmytro Bulatov

ယူကရိန်းမှာ အစိုးရ ဆန့်ကျင် အုံကြွမှု အတွင်း ပြန်ပေးဆွဲပြီး ညှင်းပမ်း နှိပ်စက် ခံခဲ့ရတယ်လို့ ပြောနေတဲ့ ထိပ်တန်း အတိုက်အခံရေး တက်ကြွလှုပ်ရှားသူ Dmytro Bulatov ကို အစိုးရက ပြည်ပမှာ ဆေးကုခွင့် ပေးလိုက်တာကြောင့် သူဟာ လစ်သူရေးနီးယားကို သွားနေပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကတုန်း သွေးတွေပေကျံကာ ဒဏ်ရာဒဏ်ချက်တွေနဲ့ မစ္စတာ ဘူလာတော့ဗ်ကို ကီးယက်ဗ် မြို့က ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာ ရုပ်မြင်သံကြားမှာ တွေ့ခဲ့ရပါတယ်။

ယူကရိန်း အစိုးရက သူ့ကို လူထုအုံကြွမှု ဖြစ်အောင် စည်းရုံးလှုံဆော်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

မစ္စတာ ဘူလာတော့ဗ် ကိစ္စက လူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး ကီးယက်ဗ် မြို့မှာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေ ထပ်မံစုရုံးကာ သမ္မတ ဗစ်တာ ရာနုကိုဗစ်ချ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။