ယူကရိန်း အတိုက်အခံတွေ အစိုးရနဲ့ ညှိဖို့ ရုရှား ဆို

  • 3 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကိယက်ဗ်မြို့လယ်က အကာအကွယ်တွေ ဝတ်ထားတဲ့ အတိုက်အခံတစ်ဦး။

ယူကရိန်း အတိုက်အခံတွေ အနေနဲ့ အခု တောင်းဆိုနေတဲ့ ရာဇသံတွေ၊ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေကို အဆုံးသတ်ပြီး အစိုးရနဲ့ စေ့စပ် ညှိနှိုင်း အဖြေရှာရေး လမ်းကို ပြန်ရွေးဖို့ ရုရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်း အတိုက် အခံတွေရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ရဲ့ ပဋိပက္ခကို မီးထိုးပေးသလို ဖြစ်နေပြီး မော်စကို အနေနဲ့ စိတ်ရှုပ်ထွေး ရကြောင်း ရုရှား နိုင်ငံကြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကရိန်း မြို့တော် ကိယက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကတော့ သမ္မတ ဗစ်တာ ယန်နူကိုဗစ်ချ် ရာထူးက ဆင်းပေးရေးကို ဆက်လက် တောင်းဆိုနေကြပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် အနောက်နိုင်ငံတွေက အရာရှိတွေ ကြားဝင် ညှိနှိုင်းပေးဖိုကိုလည်း အတိုက်အခံတွေက တောင်းဆိုလိုက်ပါတယ်။

သမ္မတ ယန်နူကိုဗစ်ချ်ကတော့ နေထိုင်မကောင်းတဲ့အတွက် ၄ ရက်ကြာ ခွင့်ယူခဲ့အပြီး အခုတော့ ရုံးပြန်တက်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ