နန်ဂျင်း အစုအပြုံလိုက် သတ်ဖြတ်မှု NHK ငြင်းဆို

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် 1
Image caption နန်ဂျင်းမြို့မှာ ခန့်မှန်းခြေ ၃ သိန်းလောက် သတ်ဖြတ်ခံခဲ့ရ

၁၉၃၀ ခုနှစ်တွေ အတွင်း တရုတ်နိုင်ငံ နန်ဂျင်းမြို့မှာ ဂျပန် တပ်ဖွဲ့တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ် ဆိုတာ မဟုတ်မှန်ကြောင်း ဂျပန် အသံလွှင့်ဌာန NHK က ငြင်းဆိုလိုက်ပါတယ်။

ဒီ စွပ်စွဲချက်တွေဟာ တရုတ်ရဲ့ ဝါဒဖြန့်ချိမှုတွေသာ ဖြစ်ပြီး စစ်ပွဲ အတွင်းမှာတော့ နှစ်ဘက် စလုံးက သတ်ဖြတ်မှုတွေ လုပ်ခဲ့တာပဲလို့ NHK ရဲ့ အဆင့်မြင့် မန်နေဂျာ နာအိုကီ ယာကူတာက ပြောဆိုပါတယ်။ သူဟာ လူသိများတဲ့ စာရေး ဆရာလည်းဖြစ် လက်ယာယိမ်း အမျိုးသားရေး စိတ်ဓတ် ပြင်းသူလည်း ဖြစ်ပါတယ်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလမှာ နန်ဂျင်းမြို့ကို ဂျပန်တပ်က သိမ်းယူစဉ် အတွင်း စစ်သားနဲ့ အရပ်သား ခန့်မှန်းခြေ ၃ သိန်းလောက် အထိ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အခုအချိန်အထိ တိုကျိုနဲ့ ဘေဂျင်း ဆက်ဆံရေးမှာ အလွန့်အလွန် ထိခိုက်မခံတဲ့ ကိစ္စ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ