ထိုင်း ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ဖို့ တရားရုံးကို လျှောက်ထား

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်း အတိုက်အခံ ခေါင်းဆောင် ဆူထပ် ထောင်ဆူဘန်

အတားအဆီး အနှောင့်အယှက်တွေ ကြားက ပြီးဆုံးသွားတဲ့ ထိုင်း ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ အတိုက်အခံ ဒီမိုကရက် ပါတီက အခြေခံ ဥပဒေ တရားရုံးကို လျှောက်ထား တိုက်တွန်းလိုက်ပါတယ်။

ဒီ လျှောက်ထားချက်ထဲမှာ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ရဲ့ အာဏာရ ပါတီကို ဖျက်သိမ်းပေးဖို့ကိုပါ တောင်းဆို ထားတယ်လို့ ရှေ့နေ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့ မဲပေးပွဲက မဲရေတွက်မှုတွေမှာ အခြေခံ ဥပဒေကို ချိုးဖောက်ထားတာတွေ ရှိခဲ့တယ်လို့ အဲဒီ ရှေ့နေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီက သပိတ်မှောက်ခဲ့သလို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း ဘန်ကောက် မြို့နဲ့ နိုင်ငံ တောင်ပိုင်းက မဲရုံတွေကို တားဆီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကတော့ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးပြီး ထိုင်း နိုင်ငံရေး စနစ်ကို ပြောင်းလဲပစ်ရေး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ