ယူကရိန်း ပါလီမန်မှာ အစိုးရနဲ့ အတိုက်အခံ ဆွေးနွေး

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ပါလီမန်

ယူကရိန်းနိုင်ငံမှာ ဖမ်းဆီးထားတဲ့ အတိုက်အခံတွေကို ပြန်လွှတ်ရေးနဲ့ သမ္မတ လုပ်ပိုင်ခွင့်တွေ လျှော့ချရေး အပါအဝင် အခြေခံ ဥပဒေ ပြုပြင်ရေး ကိစ္စတွေကို အစိုးရနဲ့ အတိုက်အခံ အမတ်တွေဟာ ပါလီမန်မှာ အခြေအတင် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ဒီနှစ်ထဲ သမ္မတ ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်တဲ့ အရင် အခြေခံ ဥပဒေက ဖော်ပြချက်ကို အတိုက်အခံ ကိုယ်စားလှယ်တွေ က ပြင်ဆင်မှုတွေ လုပ်ချင်နေပါတယ်။

ပါလီမန်ထဲမှာ စိတ်ခံစားချက်တွေနဲ့ ဆွေးနွေး ပြောဆိုနေကြပြီး မြင်ကွင်းတစ်ခုအရ အစိုးရ ကိုယ်စားလှယ်တစ်ဦး စကားပြောတာကို အတိုက်အခံတွေဘက်က လူသတ်သမား ဆိုပြီး ဝိုင်းအော်ကြပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း တက်ကြွ လှုပ်ရှားသူတွေ သေဆုံးခဲ့ရတာကို ရည်ညွန်းပြီး အခုလို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ