ဘဂ္ဂဒက် Green zone အနီး ဗုံးကွဲ ၂၇ ဦးသေ

  • 5 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ကားဗုံးကွဲပြီးစ နေရာတစ်ခု။

အီရတ်နိုင်ငံ မြို့တော် ဘက်ဂ္ဂဒက် ရဲ့ အချက်အခြာ ကျတဲ့ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားပြီး လူ ၄၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

မနက်ခင်းပိုင်း လူသွားလူလာ များချိန်မှာ လုံခြုံရေး အထူး တင်းကျပ်ထားတဲ့ ဝန်ကြီးချုပ်ရုံးနဲ့ အနောက်နိုင်ငံက သံရုံး အများအပြား တည်ရှိရာ Green zone အနီးမှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦး အပြင်ဘက် ကားရပ်နားတဲ့ နေရာမှာ ကားဗုံး ၂ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပြီး စားသောက်ဆိုင် တခုမှာလည်း အသေခံ တိုက်ခိုက်မှု တခု ဖြစ်ခဲ့ပါတယ်။

နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေလို့ အီရတ် အနေနဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ နေရာတွေကို အကာအကွယ် ပေးနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေကို တိုးပွား လာစေလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ