ဓါတုလက်နက်တွေ ဖျက်ဆီးပြီးပြီလို့ လစ်ဗျားပြော

  • 5 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် .
Image caption လစ်ဗျားက ဓါတု လက်နက်တွေကို မြင်ရပုံ

လစ်ဗျားမှာ အင်အားပြင်း ဓါတုလက်နက် အများစုကို ဖျက်ဆီးပစ်လိုက်ပြီးပြီလို့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် အဗ္ပဒူလာဇစ်ဇ် က ကြေညာလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံ က ဓါတုလက်နက်တွေကို စံနမူနာ အဖြစ် ဖျက်ဆီးခဲ့ပြီးတဲ့နောက် အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အရေပြား လောင်စေတက်တဲ့ အဆိပ်ငွေ့ပါ ဗုံးတွေ လက်ကျန် အားလုံးကို ပြီးခဲ့တဲ့ လကုန်တုန်းက ဖျက်ဆီး ပစ်ခဲ့ပြီးပြီလို့ မစ္စတာ အဗ္ပဒူလာဇစ်ဇ် က ပြောပါတယ်။

လစ်ဗျားမှာ ဒီလက်နက်တွေ ၁၃တန်လောက် ရှိတယ်လို့ နိုင်ငံတကာ ဓါတု လက်နက် တားမြစ်ရေး အဖွဲ့ကို အသိပေး ကြေညာခဲ့တဲ့ ၊ ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ လက်ထက် ၊ ၂ဝဝ၄ ခုနှစ် ကတည်းက ဖျက်ဆီးမှုတွေ စလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရသစ်က လက်ကျန် လက်နက်တွေနဲ့ အရင်တုန်းက အသိပေး ကြေညာတာ မလုပ်ထားတဲ့ လက်နက်တွေကို ဂျာမနီ ၊ ကနေဒါနဲ့ အမေရိကန် အကူအညီတွေနဲ့ ဆက်လက် ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ