လိင်မှုခင်းတွေကို ဗာတီကန်က ကာကွယ်ပေးတယ်လို့ ကုလ ဖော်ပြ

  • 5 ဖေဖော်ဝါရီ 2014
ဗာတီကန် အနေနဲ့ ဒီအမှုတွေကို ဖွင့်ချပြရမယ်

ကလေးတွေ အပေါ် ခရစ်ယာန် ဘုန်းကြီး တွေက လိင်မှုဆိုင်ရာ မတရားမှုတွေ ပြုလုပ် နေတာကို ဗာတီကန်က အကာအကွယ် ပေးနေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲ ပြောဆို လိုက်ပါတယ်။

ကလေးပေါင်း ထောင်နဲ့ချီပြီး ခရစ်ယာန် ဘုန်ကြီးတွေရဲ့ မုဒိမ်းကျင့်မှုတွေနဲ့ လိင်မှုဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ကော်မတီရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားပါတယ်။

ကလေးတွေအပေါ် စော်ကားသူတွေနဲ့ အဲဒီ မတရားမှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိသူ ဘုန်းကြီးတွေ အားလုံးကို ဗာတီကန်အနေနဲ့ ရာထူးက ချက်ချင်း ထုတ်ပယ်ပစ်ရမယ်လို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဗာတီကန်အနေနဲ့ ဒီအမှုတွေရဲ့ စာရင်းကို ဖွင့်ချပြရမယ်လို့ အစီရင်ခံစာက တောင်းဆိုလိုက်ပြီး ကျူးလွန်ခဲ့သူ ဘုန်ကြီးတွေကို အပြစ်ပေးကာ သားကောင် ဖြစ်ခဲ့ရသူတွေကို နစ်နာကြေးပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗာတီကန်ဟာ မကြာခင် ကြေညာချက် တစောင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ