ပြင်သစ်က ဆင်စွယ် ၃ တန်ကို ဖျက်ဆီးပစ်မယ်

  • 6 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးဖို့ အီဖယ်မျှော်စင်အနီး ပြင်ဆင်

ပြင်သစ် အစိုးရက တရားမဝင် မှောင်ခိုမှုကို တိုက်ဖျက်ဖို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ရှိတာကို ပြသတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆ ထောင် တန်ဖိုးရှိတဲ့ ဆင်စွယ် တန်ချိန် ၃ တန်ကို အခမ်း အနားနဲ့ ဖျက်ဆီး ပစ်တော့မှာ ဖြစ်ပါတယ်။

Charles de Gaulle လေဆိပ်မှာ ဖမ်းဆီးမိခဲ့တဲ့ ဆင်စွယ်တွေကို အီဖယ်မျှော်စင် အနီးမှာ ပြင်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ဖျက်ဆီး ပစ်မှာ ဖြစ်ပါတယ်။

တရားမဝင် ဆင်စွယ် တွေကို လူသိရှင်ကြား မီးရှို့ ဖျက်ဆီး ဖို့ စီစဉ်တာဟာ ဥရောပ နိုင်ငံတွေ ထဲမှာ ပြင်သစ်နိုင်ငံက ပထမဆုံး ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့က ၂၀၁၂ ခုနှစ် အတွင်း ဆင်ကောင်ရေ နှစ်သောင်း နှစ်ထောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မှောင်ခို ဆင်စွယ်တွေရဲ့ အကြီးမားဆုံး စျေးကွက်ကတော့ တရုတ် နိုင်ငံ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ