အီရတ်မှာ အမျိုးသမီးတွေကို ဖမ်းဆီး နှိပ်စက်တယ်လို့ HRW စွပ်စွဲ

  • 6 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption အကျဉ်းထောင် အခြေအနေ တိုးတက်အောင် ကြိုးပမ်းနေတယ်လို့ အီရတ် ဆို

အီရတ် လုံခြုံရေး အဖွဲ့ဟာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေကို တရားမဝင် ဖမ်းဆီးပြီး ညှင်းပမ်း နှိပ်စက်မှု ပြုလုပ်ခဲ့တယ်လို့ HRW က စွပ်စွဲလိုက်ပါတယ်။

ရိုက်နှက်တာ၊ ကျင်စက်နဲ့ တို့တာ၊ အဓမ္မ ကျင့်မယ်လို့ ခြိမ်းခြောက်တာ တွေ လုပ်ခဲ့တယ် ဆိုတဲ့ နှိပ်စက်မှုတွေ ကို အစီရင်ခံစာ ထုတ်ပြန် လိုက်တာပါ။

အကျဉ်းသားတွေ၊ သူတို့ မိသားစုတွေ၊ ဆေးဝန်ထမ်း တွေနဲ့ မေးမြန်းထားတာတွေကို အခြေခံထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။

အစိုးရကတော့ ဒီ အစီရင်ခံစာဟာ ချဲ့ကား ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကျဉ်းထောင် အခြေအနေတွေကို တိုးတက်အောင် ကြိုးပမ်း နေတယ်လို့တော့ အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ