ကင်မရွန်း စကော့တလန် မခွဲခွာရေး တောင်းဆို

  • 7 ဖေဖော်ဝါရီ 2014
scotland ဓာတ်ပုံ မူပိုင် PA
Image caption စကော့တလန် ရေးရာ ဝန်ကြီး Alex Salmond

စက်တင်ဘာလ မှာ ကျင်းပမယ့် စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲမှာ မဲဝင်မပေးဖို့ စကော့တလန်သား တွေကို ဖျောင်းဖျ ပေးကြပါ လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဗြိတိန် တနိုင်ငံလုံးကို တောင်းဆို လိုက်ပါတယ်။

စကော့တလန် ခွဲထွက်သွားရင် ဗြိတိန်ဟာ မှေးမှိန် သွားလိမ့် မယ်လို့ သူက ဆိုပါတယ်။

ဗြိတိန်ဟာ ကမ္ဘာကြီးနဲ့ သမိုင်းကို ခွဲဝေ ပိုင်ဆိုင်ရုံ သာမက ဗြိတိန်ကို ကမ္ဘာက လေးစား အားကျ ရတဲ့ တန်ဖိုး တွေ ကိုပါ ပိုင်ဆိုင်တာမို့ စကော့တလန် သာ ပဲ့ထွက် သွားရင် ကမ္ဘာ့ အလယ်မှာ ဗြိတိန်ရဲ့ သိက္ခာ ထိခိုက် လိမ့်မယ် လို့ မစ္စတာ ကင်မရွန်း က စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြောဆို ခဲ့ပါတယ်။

မစ္စတာ ကင်မရွန်းဟာ သတ္တိ မရှိလို့ ဒီစကားကို စကော့တလန် လာမပြောဘဲ လန်ဒန် ကနေ ပြောနေတာ ၊ သတ္တိရှိရင် သူနဲ့ တိုက်ရိုက် လာဆွေးနွေး ပါလားလို့ စကော့တလန် ရေးရာ ဝန်ကြီး Alex Salmond က မစ္စတာ ကင်မရွန်းကို စိန်ခေါ် လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ