ဆိုချီ အိုလံပစ် နာရီပိုင်းအတွင်း ဖွင့်လှစ်မယ်

  • 7 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဖွင့်ပွဲ မတိုင်မီ နာရီပိုင်းအလို ကြိုတင် ကျင်းပတဲ့ ဟောကီပြိုင်ပွဲတစ်ခု

ရွှေတံဆပ် ၉၈ ခု အပါအဝင် ငွေနဲ့ ကြေး တံဆိပ်တွေ အတွက် အားကစား သမား ၂၉၀၀ ပါဝင် ယှဉ်ပြိုင်ကြမယ့် ၂၀၁၄ ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်ကို မကြာခင် နာရီပိုင်းအတွင်း ရုရှားနိုင်ငံ ပင်လယ်နက် အပန်းဖြေ ကမ်းခြေမြို့ ဆိုချီမှာ တရားဝင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဒီအားကစားပြိုင်ပွဲဟာ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွေ ထဲမှာတော့ ကုန်ကျစားရိတ် အများဆုံးပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

လုံခြုံရေးကို အလွန်အမင်း တင်းကျပ်ထားပြီး လုံခြုံရေး ဝန်ထမ်း အရေတွက် ၄ သောင်း ချထားပါတယ်။

ဖွင့်ပွဲ အခမ်းအနား အစီအစဉ် အသေးစိတ်ကိုတော့ အထူး လျှို့ဝှက်ထားပါတယ်။ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေရဲ့ အဆိုအရတော့ အာကစား ပြိုင်ဝင်း အလယ်က မီးရောင်တွေနဲ့ ပုံဖော်ထားတဲ့ နိုင်ငံအလိုက် ကိုယ်စားပြု မြေပုံတွေကနေ ပြိုင်ပွဲဝင် ကစားသမားတွေ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး အရ စိုးရိမ်ရမှု၊ လူ့အခွင့်အရေး ကိစ္စနဲ့ မပြီးစီးသေးတဲ့ အဆောက်အဦးတွေ အကြောင်းက ဒီအားကစားပြိုင်ပွဲ ကျင်းပမှုကို လွှမ်းမိုးထားပေမယ့် အခုတော့ အားကစား ယှဉ်ပြိုင်ပွဲတွေအပေါ် အားလုံးက အဓိက အာရုံစိုက်ကြတော့မှာ ဖြစ်တယ်လို့ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ