Homs မြို့ အရပ်သားတွေကို ကယ်ထုတ်မှု စတင်

  • 7 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိတ်မိနေသူ အရပ်သား ၂ သိန်းခွဲလောက် ရှိ

ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ သိမ်းပိုက် ထားပြီး အစိုးရတပ်တွေက ဝိုင်းထားတဲ့ Homs မြို့ထဲက အရပ်သားတွေကို ဘေးလွတ်ရာကို ကယ်ထုတ်ဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကုလမဂ္ဂ ယာဉ် ၃ စီး၊ လခြမ်းနီ အဖွဲ့ လူနာတင်ကားတွေ နဲ့ ဘတ်စကား ၆ စီးဟာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကယ်ထုတ်ဖို့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့ထဲ တနေရာကို ဝင်သွားကြပြီ လို့ ဟုမ်းစ်မြို့က ဘီဘီစီ သတင်ထောက်က ပြောပါတယ်။

ကုလသမဂ္ဂ ကြားဝင်မှုနဲ့ လောလောဆယ် အစိုးရနဲ့ သူပုန်အကြား ပစ်ခတ်မှုတွေ ခေတ္တ ရပ်စဲထားကြပြီး ကုလသမဂ္ဂ အနေနဲ့ ဟုမ်းစ်မြို့ထဲကို အကူအညီတွေ ပို့ဆောင်ရေး အတွက်လည်း ခွင့်ပြုချက် ရမှာ ဖြစ်ပါတယ်။

မြို့ထဲမှာ ပိတ်မိနေသူ အရပ်သား ၂ သိန်းခွဲလောက် ရှိနေပြီး သူပုန် တိုက်ခိုက်ရေး သမားတွေကတော့ ရာနဲ့ချီပြီး ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ