တူရကီ လေယာဉ် အပိုင်စီးသူကို ဖမ်းဆီး

  • 7 ဖေဖော်ဝါရီ 2014
Sochi ဓာတ်ပုံ မူပိုင် AP
Image caption ဆိုချီမှာ အိုလံပစ် ဖွင့်ပွဲ ကျင်းပ

တူရကီ လေယာဉ် တစီးကို အပိုင်စီးဖို့ ကြံစည် တဲ့ ယူကရိန်း နိုင်ငံသား တယောက် ကို အစ္စတန်ဘူလ် လေဆိပ် မှာ ထိန်းသိမ်း ထား လိုက်ပါတယ်။

သူက ဒီလေယာဉ်ကို ရုရှမှာ ဆောင်းရာသီ အိုလံပစ် ကျင်းပနေတဲ့ ဆိုချီ မြို့ကို လမ်းကြောင်းပြောင်း ပျံသန်း ခိုင်းခဲ့တာ ဖြစ်ပါတယ်။

Pegasus လေကြောင်းက တူရကီ လေယာဉ်ဟာ ယူကရိန်း နိုင်ငံ Kharkiv မြို့က တူရကီ နိုင်ငံ အစ္စတန်ဘူလ် လေဆိပ်ကို ပျံသန်း နေတုန်းမှာ မူးယစ် သောက်စား ထားပုံရတဲ့ ဒီလူက လေယာဉ်ပေါ်မှာ ဗုံးပါတယ် ဆိုပြီး ဆိုချီကို ပျံသန်း ခိုင်းခဲ့တာ ဖြစ်ပါတယ်။

တူရကီ တိုက်လေယာဉ် တစီးက ရှေ့က ဦးဆောင်ပြီး ဒီလေယာဉ်ကို လေဆိပ်ကို ဆင်းသက် ခိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ