ဆိုချီအိုလံပစ် ခမ်းနားစွာ ဖွင့်လှစ်

  • 8 ဖေဖော်ဝါရီ 2014
sochi ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှု ကိုလည်း သရုပ်ဖော်

ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ၂ဝ၁၄ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို ပင်လယ်နက် ကမ်းခြေက ဆိုချီ ကမ်းခြေ မြို့ မှာ ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ် ပေးလိုက်ပါပြီ။

အိုလံပစ် မီးရှူးတိုင် ကို ရုရှက အိုလံပစ် ရွှေ ၃ ဆုရှင် ရေခဲပြင် ဟော်ကီ ဂိုးသမား ဗလာဒစ် လက်ဗ တရက် တိတ်ခ က ထွန်းညှိ ပေးခဲ့ပါတယ်။

ဒီပွဲတော် ဖွင့်ပွဲအခမ်းအနား ကတော့ မြင်ရသူတွေ သြချ ငေးမော ရမယ့် ရောင်စဉ်ဖြာ ပုံရိပ်တွေ အများကြီးနဲ့ပါ။

ရုရှ ရဲ့ အိပ်မက်လို့ အမည်ပေးထား တဲ့ ရှရှ ရဲ့ သမိုင်း၊ ယဉ်ကျေးမှု နဲ့ ကမ္ဘာကို သူတို့ ဘယ်လို ပေးဆပ်ခဲ့သလဲ ဆိုတာ ကို ဖစ်ရှ် အားကစား ရုံကြီးထဲက ပရိသတ် လေးသောင်း ရှေ့ မှာ ပုံရိပ်ဖော် တင်ဆက် သွားပုံက ကြည့်ရသူ တို့ ဘ၀င်ခွေ့ စရာပါ။

လုံခြုံရေး တပ်ဖွဲ့ အများ အပြား ချထားရလို့ သုံးရတဲ့ စရိတ် တွေ အပါအဝင် ဒေါ်လာ သန်း ငါးထောင် လောက် ကုန်ကျတဲ့ ဒီပွဲ က ခမ်းနားမှုတွေ နဲ့ ပြည့်စုံခဲ့ ပေမယ့် အိုလံပစ် အထိမ်းအမှတ် ကွင်း ၅ ကွင်း ကို သရုပ်ဖော် ရာမှာတော့ တကွင်း က မီးမလင်း ခဲ့ပါဘူး။

ဆိုချီ အိုလံပစ် ဖွင့်ပွဲ ကို ကြည့်ရင် နိုင်ငံရေး ကိုလည်း တွေ့ရမှာပါ ။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း တို့ တရုတ် သမ္မတ ရှီကျင်ပင်းတို့ တွေ့ရပေမယ့် ဒီဖွင့်ပွဲကို လာမတက်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ထဲ အမေရိကန် သမ္မတ အိုဘားမား လည်း ပါပါတယ်။

ရုရှရဲ့ Gay ဆန့်ကျင်ရေး ပေါ်လစီ မကြိုက်လို့ လာမတက်တာလို့ ဆိုကြပါတယ်။

နဂိုက သိပ်အားမကောင်းတဲ့ ရုရှ အမေရိကန် ဆက်ဆံရေးကို အခုကိစ္စ ကလည်း သက်ရောက်မှု ရှိမှာ ပါ။

ဆိုချီ အားကစား ပွဲတော်မှာ ၈၇ နိုင်ငံ က အားကစား သမား ၃,ဝဝဝ လောက် ပွဲတော်ရက် ၁၆ ရက်မှာ အားကစား အမျိုးပေါင်း ၉၈ မျိုး ကို အကြိတ်အနယ် ယှဉ်ပြိုင် ကြမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ