Homs မြို့မှာ ကယ်ဆယ်ရေး ယာဉ်တန်း ပစ်ခတ်ခံရ

  • 9 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့ပျက်သဖွယ် ဖြစ်နေတဲ့ ဟုမ်းစ် တနေရာက မြင်ကွင်း

ဆီးရီးယား နိုင်ငံမှာ ကုလသမဂ္ဂနဲ့ လခြမ်းနီ တို့ ပေါင်းထားတဲ့ အဖွဲ့တခုက ဝန်ထမ်းတွေဟာ အစိုးရ တပ်ဖွဲ့တွေ ဝိုင်းခံထားရတဲ့ ဟုမ်းစ်မြို့မှာ လူမှုကယ်ဆယ်ရေး အကူညီပို့ဆောင်စဉ် ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက် အခုတော့ အဲဒီမြို့ကနေ ဆုတ်ခွာ လာခဲ့ပါပြီ။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့ တချို့နေရာတွေကို မော်တာတွေ သေနတ်တွေနဲ့ နာရီ အတန်ကြာ ပစ်ခတ်ခံရချိန် ဆယ်ဂဏန်းချီ ရှိတဲ့ သူတို့ အဖွဲ့တွေ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားက ဟုမ်းစ် မြို့ကို အစိုးရတပ်တွေ ဝိုင်းခံထားရတာ ၁၈လ နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ကယ်ဆယ်ရေး အဖွဲ့က ကားသမား တယောက် ဒဏ်ရာရခဲ့ပြီး ထိခိုက် ပျက်စီးသွားတဲ့ ထရပ်ကား နှစ်စင်းကို အခင်းဖြစ်တဲ့ နေရာမှာ ပစ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စပြီး အသက်ဝင်တဲ့ ဟုမ်းမြို့မှာ သုံးရက်ကြာ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြားသွားခဲ့တဲ့ အပေါ် ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ တဖက်နဲ့ တဖက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ