လူဝင်မှု ဆန္ဒခံပွဲ ဆွစ်ဇာလန်မှာ ကျင်းပ

  • 9 ဖေဖော်ဝါရီ 2014
eu migrant
Image caption ဆွစ် ပြည်သူ့ ပါတီက လူဝင်ခွင့် ကန့်သတ်လို

ပြည်ပ အလုပ်သမား ဝင်ရောက်မှုနဲ့ ပတ်သက် ပြီး ဥရောပ သမဂ္ဂ တွင်း လွတ်လပ်စွာ ရွှေ့ပြောင်းခွင့် သဘော တူညီမှု အပေါ် ဆွစ်ဇာလန် နိုင်ငံ မှာ ဆန္ဒ ခံယူပွဲ ကျင်းပခဲ့ ပါတယ်။

အစောပိုင်း ထွက်ပေါ်လာတဲ့ ဆန္ဒခံပွဲ ရလဒ်တွေ အရ ရွှေ့ပြောင်းခွင့် ပြုလိုသူနဲ့ မပြုလိုသူ တွေကြား တဝက်စီ ရှိနေတယ် လို့ ပြနေပါတယ်။

ဆွစ်ပြည်သူ တွေရဲ့ ဘဝကို ဝင်ရောက် လာသူ တွေက ထိပါးနေပြီ ဆိုပြီး ဆွစ် ပြည်သူ့ ပါတီက လူဝင်ခွင့် ကန့်သတ်ဖို့ အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှု လက်မှတ်ထိုးပြီး နောက် ဝင်လာတဲ့ အရေအတွက် က မှန်းတာထက် ပိုများတယ်လို့ ဆွစ် ပြည်သူ့ ပါတီ ပြောခွင့်ရ Pierre Schifferli က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

နိုင်ငံခြားသား တွေကြောင့် ဆွစ် နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ထိခိုက် လာပြီး လုံခြုံရေးနဲ့ တခြား ပြဿနာ တွေလည်း ပါလာတယ်လို့ မစ္စတာ Schifferli က ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမား ရာခိုင်နှုန်း တင်းကျပ်တဲ့ မူကိုဒီပါတီက ပြန်ပြီး ကျင့်သုံး စေချင် တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု မှာ လွတ်လပ်စွာ အလုပ်သမား စီးဆင်း မှု ရှိမှ ဖြစ်မယ်လို့ ဆွစ်ဇာလန် အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေက ခုခံ ပြောဆို ကြပါတယ်။

ဆန္ဒမဲ လာပေးသူ များတယ်လို့ ဆွစ်ဇာလန် က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ