Homs မြို့က လူ၆ဝဝကျော်ကို ကယ်ထုတ်နိုင်ခဲ့

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ကယ်ထုတ်လာတဲ့ ဒုက္ခသည်တွေ စုဝေးနေ

ဆီးရီးယားမှာ အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ် မြို့က အသက်ကြီးရင့်တဲ့ အမျိုးသားကြီးတွေ ၊ အမျိုးသမီးနဲ့ ကလေး လူအယောက် ခြောက်ရာကျော်ကို ကယ်ထုတ် နိုင်ခဲ့တယ်လို့ လခြမ်းနီ အဖွဲ့ အကြီးအကဲ Khaled Erksoussi က ပြောပါတယ်။

ဒါ့အပြင် အစားအစာ ရိက္ခာထုပ် ၆ဝ လောက်နဲ့ ဂျုံမှုန့် ၁၅ဝဝ ကီလို ဂရမ် လောက်ကိုလည်း မြို့ထဲမှာ ပိတ်မိနေတဲ့ လူတွေအတွက် ယူဆောင်သွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမြောက် ၊ ဗုံးနဲ့ သေနတ် ပစ်ခတ်သံတွေကြားက ရဲရင့်စွာ ဖြတ်သန်း ကယ်ထုတ်ခဲ့ရတယ်လို့လည်း ဆီးရီးယား လခြမ်းနီ အဖွဲ့က ပြောပါတယ်။

သူ့အနေနဲ့ အကောင်းဖက်က ရှုမြင်ပြီး အပစ်ရပ်ရေး နောက်ထပ်ရက်တိုးကာ လူ ရှစ်ရာ ၊ ကိုးရာလောက်ကို ထပ်မံ ကယ်ထုတ် နိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်းလည်း Khaled Erksoussi က ဆိုသွားခဲ့ပါတယ်။

အတိုက်အခံရေး တက်ကြွ လှုပ်ရှားသူတွေ ပြောတာကတော့ ကယ်ထုတ်လာတဲ့ အမျိုးသား တော်တော်များများကို အစိုးရ တပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ