ဆွစ်ဇာလန်နိုင်ငံမှာ လူဝင်မှုကန့်သတ်ဖို့ မဲခွဲဆုံးဖြတ်

  • 10 ဖေဖော်ဝါရီ 2014
ဆွစ်မှာ လူထုဆန္ဒခံယူပွဲလုပ် ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွစ်မှာ လူထုဆန္ဒခံယူပွဲလုပ်

ဥရောပ သမဂ္ဂ အီးယူရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ လွတ်လပ်စွာ ပြောင်းရွေ့နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဆွစ်ဇာလန်က လူထုဆန္ဒခံယူပြီး ကန့်သတ်လိုက်တဲ့ အတွက် နှစ်ဖက် ဆက်ဆံရေးကို ပြန်လည် သုံးသပ်သွားမယ်လို့ အီးယူက ပြောပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အီးယူအတွင်း ရွေ့ပြောင်းနေထိုင်သူတွေကို ခွဲတမ်းနဲ့ သတ်မှတ်မယ့် အဆိုကို ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပြီး အဲဒီ အဆိုကို ကျေးလက်က ထောက်ခံကာ မြို့ကြီးတွေမှာ ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

ဆွစ်ဟာ အီးယူနိုင်ငံမဟုတ်ပေမယ့်ဥရောပနဲ့ စီးပွားရေးဆက်ဆံမှုများတဲ့အတွက် အဲဒီနိုင်ငံတွေနဲ့ နယ်ခြားဖွင့်ထားရေးသဘောတူ ထားပါတယ်။

အခုရလဒ်အပေါ် အစိုးရနဲ့ လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဒီဒီရေ ဘာ့ခ်တ်လာ က ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို လှည့်လည်ပြီး အခု ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ တစုံတရာ အဖြေရှာနိုင်ဖို့ ဆွေးနွေးမယ့် အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

တကယ်တော့ အခု ရလဒ်အပေါ် အီးယူက ဘယ်လောက်လောက် ပြင်းပြင်း ထန်ထန်တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလို လူဝင်မှုကြီးကြပ်ရေးခွဲတမ်းကို ကန့်သတ်လိုက်လို့ ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ လူတွေကို ဝင်ရောက်ဖို့ လက်ခံလိုက်တာနဲ့ စာရင် ပိုဆိုးလာမလား ဆိုတာလည်း စောင့်ကြည့်ဖို့လိုမယ်လို့ ဆွစ်ဇာလန်ရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ