ဆွစ်ဇာလန် လူဝင်မှု ကန့်သတ်ရေးအပေါ် စိုးရိမ်

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လူဝင်မှု ကန့်သတ်ရေးအတွက် မဲပေးနေသူ ဆွစ်ဇာလန် အမျိုးသမီးတစ်ဦး

ဆွစ်ဇာလန် နိုင်ငံမှာ ဆန္ဒခံယူပွဲအရ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ဆွစ်ဇာလန်မှာ လာရောက်နေထိုင်မှုကို ကန့်သတ်ရေး အဆိုဘက်က အနိုင်ရ သွားခဲ့တာနဲ့ ပတ်သက်လို့ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတို့က စိုးရိမ်မကင်း ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ဒီမဲခွဲ ဆုံးဖြတ်မှု ကြောင့် ဆွစ်ဇာလန်ကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ဂျာမနီ ဘက်ကလည်း အလားတူ ထုတ်ဖော် ပြောပါတယ်။

အီယူ ဥရောပ သမဂ္ဂ တရားရေးဆိုင်ရာ မဟာမင်းကြီး Viviane Reding က ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဟာ ဥရောပက မြို့တော်တွေဆီ သွားပြီး သူတို့ မဲခွဲ ဆုံးဖြတ်ရတဲ့ အကြောင်း ရှင်းပြဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့သူ မြို့သားတွေကတော့ သူတို့ အလုပ်အကိုင်တွေကို ထိခိုက်မှာ စိုးလို့ ကန့်ကွက်ခဲ့ကြတာလို့ ပြောပါတယ်။

ဒီနိုင်ငံထဲကို လူတွေ အများကြီး ဝင်လာရင် ကိုယ့်လုပ်မယ့် အလုပ်တွေ သူတို့များ ယူသွားလေမလားလို့ လူတွေက စိုးရိမ်ကြတာပါ၊ သူ့အနေနဲ့ တော့ ဒါမမှန်ပါဘူးလို့ ဆွစ်ဇာလန် အမျိုးသား တစ်ယောက်က ပြောပါတယ်။

နောက်တစ်ယောက်ကလည်း ဆွစ်လူငယ်တွေ အများကြီးက အလုပ်သင် လုပ်ငန်းတွေ ပြီးပေမယ့် အလုပ် မရကြသေးဘူး၊ ပြင်သစ် လူငယ်တွေက သူတို့ အလုပ်တွေကို ဝင်လုပ်ကြလို့ပါလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ