ဆီးရီးယား ဆွေးနွေးပွဲ ဒုတိယအကျော့ စတင်

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့

ဆီးရီးယား ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ ဒုတိယအကျော့ ဆွေးနွေးပွဲတွေကို ဂျီနီဗာ မြို့မှာ စတင်လိုက်ပါပြီ။

ဆီးရီးယားအရေး ကုလသမဂ္ဂ ကြားဝင် စေ့စပ်ရေးမှူး Lakhdar Brahimi က အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့နဲ့ ပထမ တွေ့ဆုံမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရ ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ပထမအကျော့ ဆွေးနွေးပွဲ တွေတုန်းက တိုက်ခိုက်မှုတွေ ဘယ်လို အဆုံးသတ်မယ် ဆိုတာနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ တိုးတက်မှု တစုံတရာ မရှိဘဲ ပြီးသွားခဲ့ပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေး ကားတန်းက ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးနိုင်ခဲ့ပြီး ရာနဲ့ ချီတဲ့ အရပ်သားတွေကိုလည်း ဟွမ်းစ် မြို့ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပြင်သစ် နိုင်ငံကတော့ ဝိုင်းရံ ပိတ်ဆို့ ခံနေရတဲ့ ဆီးရီးယားက မြို့တွေကို ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့နိုင်မယ့် လမ်းကြောင်း အမြန်ဆုံး ဖွင့်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အဆိုပြု တောင်းဆိုမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ